ကျနော်ရေးတဲ့ ကဗျာတွေ ရော၊ ကျနော်ကြိုက်တဲ့ ကဗျာရော တင်ထားတာပါ။ ခွင့်မတောင်း မိတဲ့ အတွက် ဖန်တီးရှင်များ ကို ဒီကပဲ တောင်းပန်ပါတယ်။
ကျနော့် ကဗျာတွေနဲ့ စလိုက်မယ်..။
ဝ။
မင်းကိုချစ်တဲ့အချစ်က
Hard disk လိုပါပဲ..
မင်းကိုတိုင် Delete
မလုပ်မခြင်းရှိနေမယ့်
ချစ်ခြင်းမျိုးပါ…
Delete လုပ်ပြီးရင်တောင်
မှားမှန်းသိရင် Recovery ပြန်ယူနိုင်ပါတယ်…
ဒါပေမယ့် …..
နောက်တော့မကျစေနဲ့ပေါ့ ဟဲဟဲ..
ပြည့်ဖြိုး(၁၈.၅.၀၈)
~~~•.•~~~
၁။
♥ ငါ့ကဗျာတွေ ကာရန်မဲ့နေခဲ့တာ ကြာပေါ့
မင်းရဲ့ သံသယတွေ ရခဲ့ကတည်းကလေ ….
♥ ငါ့ဦးဏှောက်တွေ ရပ်နေခဲ့တာ ကြာပေါ့
မင်းကို ချစ်မိကတည်းကလေ….
♥ ထွက်သက်ဝင်သက်တွေ အဓိပ္ပါယ်မဲ့နေခဲ့တာ ကြာပေါ့
မင်းရဲ့ တုန့်ပြန်မှုကို ရကတည်းကလေ ….
♥ အရာရာကို ဆုံးရှုံးရတဲ့ ငါ
တစ်ခုလောက်သာ တောင်းဆိုခွင့် ရှိရင်လေ ….
♥ ဘာမှသုံးမရတော့တဲ့ ငါ့ကို
အသေသာ သတ်သွားပါလို့ …..။
ပြည့်ဖြိုး (၁၁.၁၀.၀၇)
~~~•.•~~~
ဒါက မောင်လှမျိုး (ခြင်းချောင်းခြံ) ရဲ့ ကဗျာရှည်ထဲကပါ၊ ကျနော် နည်းနည်းလေးပြင်ထားတာ
၂။
♠ ၀ါးပြီးသား ပီကေတစ်ခုကို
အချိုကုန်သွားလို့
ထွေးထုတ် လိုက်သလိုမျိုး
♠ လမ်းဘေး အုတ်ခုံနားက
ဖိနပ်တစ်ရံ ကို
မြောင်းထဲကန်ချ သလိုမျိုး
♠ ဖတ်ပြီးသွားတဲ့ ၀တ္ထုတစ်ပုဒ်ကို
ရက်ရက်ရောရော
ပေးလိုက်သလိုမျိုး
♠ ချစ်ပြီးသွားတဲ့ ငါ့နှလုံးသားကို
နင်ပယ်ချခဲ့တာ အရမ်းခင်လို့တဲ့လား ကွာ ။
~~~•.•~~~
ရင်တွင်းဖြစ်ပေါ့ ![]()
၃။
‘ ဘယ်လောက်ချစ်လဲ ‘ လို့ မေးလိုက်တိုင်း
ပင်လယ်ကြီးလောက်လို့ ဖြေစေချင်တယ်
ဒါပေမယ့် …..
နင့်အချစ်.. ပင်လယ်ဖြစ်မှာတော့ ကြောက်တယ်
နင့်ရဲ့ အချစ်ပင်လယ်ပြင်မှာ ငါ…
လရိပ် အဖြစ်သာ ထင်နေမှာကိုပေါ့
တကယ်မရှိတဲ့ ပုံရိပ်လေး
လေပြေသွေးရင်တောင် တုံခါနေသေးတယ်လေ ။
စင်္ကြ၀ဋ္ဋါကြီးလောက် ချစ်စေချင်တယ်
ဒါပေမယ့် …..
နင့်အချစ်.. စင်္ကြ၀ဋ္ဋါဖြစ်မှာတော့ ကြောက်တယ်
နင့်ရဲ့အချစ်စင်္ကြ၀ဋ္ဋါမှာ ငါ…
ကြယ်တစ်ပွင့် အဖြစ်သာ ထင်နေမှာကိုပေါ့
တကယ်မရှိတဲ့ ကြယ်တစ်ပွင့်
ကြွေလွင့်ချိန်လေးပဲ မြင်လိုက်ရမှာကိုလေ ။
ပြည့်ဖြိုး (၂၄.၂.၀၈)
~~~•.•~~~
သူမရဲ့ ကဗျာလေးများ ….=((
၎။
ရောင်စုံညရဲ့ လမ်းတွေပေါ်လျှောက်ရင်း
ရူးမတတ်လွမ်းအောင် နမ်းခဲ့ဖူးတဲ့ နှုတ်ခမ်းတွေကို သတိရ …
ရင်ဘတ်တစ်ခုဆွဲပြီး ကြေးကြီးကြီးနဲ့
ရွေးပြီးလိုက်တောင်းတတ်တဲ့ အချစ်သူတောင်းစား ငါ…
တကယ်ရမယ်ဆိုရင်တော့ ငါ့ရင်ဘတ်အတွက် နှလုံးသား
နင့်ဆီက ခဏဖြစ်ဖြစ် ငှါးချင်တယ် …
တကယ်ပါ …
ဟောင်းလောင်းပေါက် ရင်အစုံနဲ့
လေပြေ တိုက်ရင်တောင် သေမလိုခိုက်နေလို့ … ။
ခရေ
~~~•.•~~~
ကျနော့် အတွက်ရေးတာတဲ့
၅။
အရူးလို စိတ်လေလွင့်ချိန် အသစ်ရတဲ့ ငါ့ကဗျာလေး
ခဏတွေးမိတာနဲ့ စိတ်ထဲမှာ နာတယ် …
ဟိုတစ်ခါ ငါ့ဖန်ဆိမ့်တွက် အဖော်ရတဲ့ ဖန်ဆိမ့်လေး
ငါချန်ပြေးခဲ့ ဖူးတယ် …
ဒီတစ်ခါ ပေါ့ဆိမ့်အတွက် နင့်နှလုံးသား အသစ်လေးကို
အပြစ်ပေးမိမှာ သေမလောက် ကြောက်တယ် …
ငါကော်ဖီရူးတုန်းက စူးခဲ့တဲ့ ကော်ဖီကြွေး
ဆပ်မကုန်သေးဘူး ရူးတော့မယ် … ။
ခရေ
~~~•.•~~~
သူမရဲ့ ဆုံးမစကား ပေါ့
၆။
နေရာလေးရဲ့ ထောင့်ကွေးမှာ တချို့လဲပြုံး တချို့လဲမုန်းလို့
ရှုံးတဲ့သူတွေကလဲ ဆွေး တွေး ငေး လို့ပေါ့ …
နေရာလေးမှာပဲ အသံကအသံကိုချစ် ဟန်ကဟန်ကိုချစ် သတဲ့
ဒီလိုနဲ့ လျှံထွက်လာတဲ့ ကာရန်တွေလဲ နဲမှမနဲဘဲ …
သရဲလား ငမွဲလား မခွဲခြားတဲ့ ဒီနေရာ
ရီစရာပြောတတ်ရင် ပိုစွံသတဲ့ …
အပိုင်ပေါင်းပြီး အ၀ိုင်ကောင်းရင်တော့
မနိုင်အောင်ရမယ့် ဆုတွေမှာ တခါတလေ နှလုံးသားတောင် အပိုဆုပါသတဲ့
ညာမဖဲ့ချင်လို့ မလာနဲ့လို့ ပြောတတ်တဲ့သူ တစ်ယောက်တစ်လေတောင်
တစ်ခေါက်တစ်လေတော့ ကြောင်ဖူးကြတယ် .. ယုံလား … ။
ခရေ
~~~•.•~~~
၇။
သွေအေးသတ္တ၀ါ ရဲ့ ရင်ခွင်က
နွေးထွေးနေမှာလား .. လို့
တွေးတွေးနေမိတဲ့ ငါ့ဦးနှောက်
ဂေါက်တောက်တောက် ဖြစ်နေတာကြာပေါ့ …
ရွာတော့မယ့်မိုးလို အထာမျိုး
ခပ်တိုးတိုးတောင် ဇတ်ပျိုးမစဖူးဘူး
ပတ်ပျိုးနဲ့ စတဲ့ ဇာတ်လမ်း
မှတ်တမ်းမှာ တစ်ခန်းရပ်ဖြစ်မှာစိုးတယ် …။
ခရေ
~~~•.•~~~
၈။
မိုးရွာတယ်ဆိုတာ တိမ်တွေငိုတာပါ
လသာတယ်ဆိုတာရော
သူပျော်နေမယ် ထင်လားဟင် .. ?
နေမင်းရဲ့ အပူဒဏ်ကို
ရင်ဆီးခံ ပြီး
ကမ္ဘာကို အလင်းပေးနေတဲ့ လ
ပူပြင်းရှတငိုနေရှာမှာပေါ့ …။
ပြည့်ဖြိုး (၃.၆.၀၄)
~~~•.•~~~
၈။
အပြင်မှာနဲ့ ရင်ထဲမှာ မိုးတွေရွာနေတယ် …
နှလုံးသားကို invitation တစ်ခုသုံးပြီး
တံခါးမခေါက်ပဲ ခြေဖွ ၀င်လာခဲ့တဲ့ ကောင်လေးရေ
အပြင်ကမိုးကတော့ နင်ပြောခဲ့ဖူးသလို
တိမ်တွေငိုတာပေါ့ …
ရင်ထဲကမိုးကတော့ တိုးခဲ့ဝေဒနာကြောင့်
ငါ့နှလုံးသားတွေ ငိုနေတာပါ …
ပွင့်ရင်တောင် အိပ်စိုက်လျှော်စရာမရှိတဲ့
ငါလိုဒိုင်ဆီက နှလုံးသားကို နင်လိုချင်ခဲ့တာလား
ဒီလိုနဲ့ပဲ
အပြင်မှာနဲ့ ရင်ထဲမှာ မိုးတွေရွာနေတယ် … ။
ခရေ
~~~•.•~~~
သူမပေးခဲ့တဲ့ ပုံစံ အတိုင်းလေးပါ..
၉။
ချစ်လို့ တဲ့ ယုံဘူးနော် ဒီက
တကယ်ပါ လို့ ညာနေတာလဲ သိ၊
ဘာမှမပါပဲ ညာချွဲနေတာလဲ သိတယ်
ဒါတွေသိနေရင်း နင်ပေးခဲ့တဲ့ ‘၀ိုင်’ မှာ
သာယာရင်း ရစ်မူးနေတဲ့ငါ
အရင်က ‘၀ိုင်’မကြိုက်ခဲ့တာ သိလား ။
ခရေ
~~~•.•~~~
ငါ့အပြစ်တွေပါလေ …
ကာရန်မရှိပဲ ကဗျာရေးတယ်
သံစဉ်မရှိပဲ သီချင်းဆိုတယ်
ငါ့အပြစ်တွေပါလေ …
အရောင်မသိပဲ ပန်းချီရေးတယ်
ရည်ရွယ်မရှိပဲ လမ်းလျှောက်တယ်
ငါ့အပြစ်တွေပါလေ …
မမြင်သေးပဲ ချစ်မိတယ်
အတူမရှိပဲ တွယ်ငြိတယ်
ငါ့အပြစ်တွေပါလေ …. ဟင်း …..
ပြည့်ဖြိုး (၂၁.၅.၀၈)
~~~•.•~~~
ငါရေးချင်တဲ့ ကဗျာတွေ
ငါဖွဲ့ချင်တဲ့ ကာရန်တွေ
ငါရွတ်ချင်တဲ့ သံစဉ်တွေ
ငါစိတ်ကူးတဲ့ စာသားတွေ
ဘာဆိုဘာမှ ထွက်မလာပဲ
နှလုံးသားနဲ့ ဦးနှောက်က
တစ်ခုတည်းကိုသာ
အကြိမ်ကြိမ် ရေရွတ်နေလေရဲ့
နားထောင်ကြည့်စမ်းပါ
အဝေးကတောင် ကြားနိုင်လောက်ရဲ့
“မြတ်နိုးလိုက်တဲ့ ချောလေးရယ်” တဲ့လေ ။
ပြည့်ဖြိုး (၂၁.၅.၀၈)