About ဆိုလို့သာ ခေါင်းစဉ်တပ်ထားရတာ၊ ဘာရေးရမှန်း မသိဘူး။ ကျနော် က ကျောင်းစာ ကလွဲရင် အားလုံးကို စိတ်ဝင်စားတဲ့ကောင်ပေါ့ ။ ပန်းချီ ၀ါသနာ ပါတယ်ပဲ ပြောရမလား၊ လက်အငြိမ် မနေဘူး ပဲပြောရမလား ပုံတွေ လျှောက်ဆွဲနေ ရရင် ကျေနပ်နေတာ ။ အဲဒါကြောင့်ပဲ Photoshop မတက်တခေါက် တတ်သွားတယ်၊ ကွန်ပြူတာ ကို ဟိုကလိ၊ ဒီကလိ တတ်တယ်။
အကြီးမားဆုံး အရည်အချင်းက အားနေရင် ဘယ်လို ပျင်းရမလဲ စဉ်းစား နေတာလေ။
မောင်မောင်ဇော်လတ် သီချင်း နဲ့ ပြောရရင် .. အိပ်ဖို့ပျင်း ၊ စားဖို့ပျင်း ၊ ငါ့မှာပျင်းရမှာကို ပျင်း….
အားလုံးရေးပြီးမှ နာမည်ရေးချင်လာလို့၊ ဘာကောင်မှန်း မသိဖြစ်နေမှာစိုးလို့ပါ၊ ဆဲချင်လဲ နာမည်တပ်ပြီး ဆဲလို့ရအောင်ပေါ့ ၊
ပြည့်ဖြိုး MUCTR တက္ကသိုလ် မှာ တက်နေပါတယ် (ဘာတက်နေတာလဲ တော့ ကို့ ကိုယ်ကို လဲသိဘူး )။
ကျနော် ပြောချင်တာလေးတွေပြောပါဦးမယ်။ ကျနော် လို့ရေးတာ စာလုံးပေါင်းမှားမှန်းသိပါတယ် ။ ငယ်ငယ်ထဲက ခံယူချက်တစ်ခုရှိလို့ပါ။
နောက်ပြီး ဒီ Blog ရေးတာက အခုမှ ကွန်ပျူတာ စလေ့လာတဲ့ သူတွေ ကူညီချင်တာပါ။ လင့် ချိပ်ပေးထားတဲ့ ကိုရဲကြီး တို့၊ ကိုစေတန် တို့ လို programmer တွေနဲ့ ရှင်ကြည့်နေမှာစိုးလို့ပါ။ သူတို့ level နဲ့ အသေးလေးတွေ လိုက်ရေးမှာမဟုတ်ဘူးလေ။
အဲဒါဆို အခုမှ ကွန်ပျူတာ စလေ့လာပြီး စာအုပ် ၀ယ်လို့မတဲ့နေရာမှာရောက်နေတဲ့ သူတွေဘာလုပ်မလဲ ၊ ကျနော်လည်း နဲနဲလေးသိတာပါ။ အဲဒီသိသလောက်လေးကို
မျှဝေချင်လို့ပါ။ မှားတာရှိရင် ၊အပြောအဆို မယဉ်ကျေးတာရှိရင် ခွင့်လွတ်ပေးပါဗျာ ။
May 15, 2008 at 6:27 pm
ဟယ် တူတယ်တော့ တော်တော်လေးကိုတူတာ။ အကုန်မဟုတ်တောင် တော်တော်လေးပေါ့။ ဥပမာပျင်းတာတို့ဘာတို့
. ဆက်ကြိုးစားပေါ့ဗျာ တော်ကြာ ဂင်းနစ်က အပျင်းစံချိန်ပေးရင် ရသွားမှာ။
June 24, 2008 at 2:37 pm
တကယ်ကောဟုတ်လို့လား
ညာထားတာတွေတော့မဟုတ်ပါဘူးနော်
June 24, 2008 at 10:53 pm
အဲ ဘာလို့ လဲ ? ကျနော် လိမ်တာနဲ့ တူတာဘာတွေ့လို့လဲဟင် ။ အစထဲက ၀န်ခံထားပါတယ်နော် ။ သိသလောက်လေး ပြောမှာပါလို့ ။ မှားတာရှိလည်း ပြောပါဗျာ ကျေးဇူးတင်ပါတယ် ။
July 8, 2008 at 12:31 pm
အစ်မလဲ ၀င်ရေးသွားတယ်နော် .. မောင်လေး
August 6, 2008 at 6:38 pm
ညီရေ အစကတော့ Blogspot မှာ ဝင်မန်းမလို့ပဲ ဝင်ရေးလို့ကိုမရလို့ကွ။
တော်တော်ကြီး အရေးအသားစိတ်ပြီး ကောင်းလာတယ် စုံလာတယ်။ နောက်မှ အလုပ်ထပ်အပ်ဦးမယ်။
နောက်မှ ဒီကပို့တွေပြန်ကူးပြီးတင်ပေးလိုက်ပါဦး သံလုံငယ်မှာ။ Blogspot မို့ဝင်မကြည့်တာ ဝင် Comment မရေးတာမဟုတ်ဘူးနော်။