
အခုမြင်ရတဲ့ Buttom လေး လှ မ လှတော့ မသိဘူး ။ နေရာ တော်တော်များမှာ ဒီ ဒီဇိုင်းတွေ တွေ့နေရလို့ ၊ လုပ်ချင်မလားဆိုပြီးပြောပြတာပါ ။
အရင်ဆုံး
File > New ကနေပြီး Width = 500 , Height = 500 , Resolution = 200 ကိုယူပါတယ်။

Shift+F5 (or) Edit > Fill နဲ့ Black colour ရွေးပြီး OK ပေးပါတယ် ။
Layer Manager က new layer
လေးကို Click ပါတယ်။
Tool box က Pen Tool 
ကို ရွေးပါတယ် ။ Attribute tool bar မှ Rounded Rectangle 
ကို click ပြီး ၊ Radius ကို 30 pixels ဖြည့်ပါတယ် ။
Tool box က Fore ground colour ကို အစိမ်းရောင် ရင့်ရင့် ရွေးပေးပါတယ် ။ Back ground colour ကို အ၀ါရောင်ဘက် ရောက်တဲ့ အစိမ်းနုနုပေါ့ ။
အောက်မှာ ပြထားသလို ပုံတစ်ခု ကို ဆွဲပါတယ် ။
ပြီးရင် Shift+F5 (or) Edit > Fill နဲ့ Fore ground colour ရွေးပြီး OK ပေးပါတယ် ။ အစိမ်းရောင်ဖြစ်သွားပါမယ် ။

Fore ground colour ကို Click ပြီး နဲနဲနုတဲ့ အစိမ်းရောင် ကို ရွေးပေးပါတယ် ။
Tool box က Gradient Tool ကိုယူပါတယ်။ Attribute tool bar မှ Edit the gradient (
) ဒါလေးကို ရွေးပေးပါ ။
အောက်ခြေကနေ click နှိပ်ပြီး အလယ်တစ်ဝက်လောက်ကို Drag ဆွဲပါတယ် ။ ဘေးနား ပတ်ပတ်လည်ကိုလည်း နဲနဲစီ Drag ဆွဲပါတယ် ။ ပိုပြီး ဖောင်းကြွလာအောင်ပေါ့ ။
Layer Manager က new layer လေးကို Click ပါတယ်။
Tool box က Switch Background and Foreground colour မျှားလေးကို click ပြီး Background နဲ့ Foreground ကို ပြောင်းပါတယ်။
Gradient Tool ကိုယူပါတယ်။ Attribute tool bar မှ Edit the gradient ကို ရွေးပေးပါ ။
ပြီးရင်ထုံးစံအတိုင်း ဒီလိုလေးဖြစ်အောင် ဆွဲပေါ့။
Layer Manager က new layer လေးကို Click ပါတယ်။Tool box က Rectangular Marquee Tool ကိုယူပါတယ်။
Attribute tool bar မှ Intersect With Selection 
ဒါလေးကို ရွေးပေးပါ ။
အောက်မှာ ပြထားသလို Selection ဖြစ်အောင်ရွေးပါတယ် ။
Foreground colour ကို အဖြူရောင် ယူပြီး အောက်မှာ ပြထားသလိုဖြစ်အောင်ဆွဲတယ်။ Layer Manager က Opacity ကို 70% ပြောင်းပါတယ် ။

Layer Manager က new layer လေးကို Click ပါတယ်။
Tool box က Pen Tool ကို ရွေးပါတယ် ။ Attribute tool bar မှ Custom Shape Tool ကို click ပြီး Arrow ကို ယူပါတယ်။ မျှားလေးတစ်ခုဆွဲလိုက်ပါတယ်။
မျှားဆွဲလိုက်တဲ့ layer ကို R-Click ထောက်ပြီး Rasterize Layer ကို Click ပါတယ်။



Edit > Free Transform ကို Click ပြီး မျှားကို လှည့် ပါတယ်။( ဘေးအနား ကွတ်လေးမှာ pointer ထားလိုက်ရင် point လေးက မျှားကောက်သေးလေးလေး
ဖြစ်သွားပါတယ် ၊ လိုချင်သလို လှည့်လို့ရပါတယ် )။ လိုချင်တဲ့ အရွယ် ပုံစံဖြစ်အောင် ချိန်ပါတယ်။
ပြီးရင် Move Tool ကို Click ပြီး Apply ပေးပါတယ်။ Magic wand tool နဲ့ Arrow ကို Select လုပ်ပါတယ်။
View > Rulers (Ctrl+R) ကို click ပါတယ်။
ပေါ်လာတဲ့ Rulers မှာ R-click လုပ်ပြီး Pixel ပြောင်းပါတယ်။
အောက်မှာ ပြထားတဲ့ အတိုင်း grid လေး ၆ ခု လုပ်ပါတယ်။( Ruler ပေါ်မှာ Click ပြီး Drag ဆွဲလိုက်ရင် Grid ပေါ်ပါတယ်)
Tool box က Rectangular Marquee Tool ကိုယူပါတယ်။
အောက်မှပြထားတဲ့ အတိုင်း အပေါ်ဆုံး Grid ထိ select လုပ်ပါတယ်။
ပြီးရင် Edit > Copy , Paste ( Ctrl+C , Ctrl+V ) လုပ်ပါတယ်။ layer manager မှာ layer 2 ဆိုတဲ့ မျှားခေါင်းလေးတွေ့ ပါလိမ့်မယ်။
Arrow တစ်ခုလုံးပါတဲ့ Shape 2 ဆိုတဲ့ layer ကို click ပြန်ပေးပါတယ်။ Magic wand tool နဲ့ Arrow ကို Select ပြန်လုပ်ပါတယ်။
အောက်မှာ ပြထားတဲ့အတိုင်း ဒုတိယမြောက် Grid ကြားကွက် ကို select ထပ်လုပ်ပါတယ်။
Copy , Paste ( Ctrl+C , Ctrl+V ) လုပ်ပါတယ်။ layer manager မှာ layer 3 ဆိုတဲ့ မျှားပိုင်းလေးတွေ့ ပါလိမ့်မယ်။
Arrow တစ်ခုလုံးပါတဲ့ Shape 2 ဆိုတဲ့ layer ကို click ပြန်ပေးပါတယ်။ Magic wand tool နဲ့ Arrow ကို Select ပြန်လုပ်ပါတယ်။
အောက်မှာ ပြထားတဲ့အတိုင်း တတိယမြောက် Grid ကြားကွက် ကို select ထပ်လုပ်ပါတယ်။
Copy , Paste ( Ctrl+C , Ctrl+V ) လုပ်ပါတယ်။ layer manager မှာ layer 4 ဆိုတဲ့ မျှားပိုင်းလေးတွေ့ ပါလိမ့်မယ်။
Arrow တစ်ခုလုံးပါတဲ့ Shape 2 ဆိုတဲ့ layer ကို click ပြန်ပေးပါတယ်။ Magic wand tool နဲ့ Arrow ကို Select ပြန်လုပ်ပါတယ်။
အောက်မှာ ပြထားတဲ့အတိုင်း အောက်ဆုံး Grid ကွက် ကို select ထပ်လုပ်ပါတယ်။
Copy , Paste ( Ctrl+C , Ctrl+V ) လုပ်ပါတယ်။ layer manager မှာ layer 5 ဆိုတဲ့ မျှားပိုင်းလေးတွေ့ ပါလိမ့်မယ်။
layer manager မှာ layer 2 ဆိုတဲ့ မျှားခေါင်းလေးမှာ R-Click ထောက်ပြီး Merge Down ကို Click ပါတယ်။ မျှားခေါင်းလေးနဲ့ သူ့အောက် က
မျှားပိုင်း layer 3 နဲ့ ပေါင်းသွားတာတွေ့ပါလိမ့်မယ်။
အဲဒီအတိုင်း layer 5 မျှားပိုင်းထိပေါင်းပါ။ ( မျှားတစ်ခုလုံး shape 2 မပါ ပါ)
ပြီးရင် မျှားတစ်ခုလုံး Shape 2 ကို click ပြီး Delete ပေးလိုက်ပါတယ်။( layer manager အောက်ဘားက အမှိုက်ပုံး ပုံကို Click ( သို့ ) R-Click > Delete )
Fore ground colour ကို Click ပြီးအနီရောင် ကို ရွေးပေးပါတယ် ။
မျှားအပိုင်းလေးတွေပေါင်းထားတဲ့ layer 5 ကို Click ပြီး magic wand tool နဲ့
မျှားရဲ့ အပြင်ဘက်ကို select လုပ်ပါတယ်။
Select > Inverse ကို Click ပါတယ်။မျှား Select ဖြစ်သွားပါမယ်။
View > Show > Grid ကို unclick ပေးပါတယ်။
ှShift+F5 (သို့) Edit > Fill နဲ့ အနီရောင် ဖြည့်ပါတယ်။
Fore ground colour ကို Click ပြီးအနီရောင် နုနု ကို ရွေးပေးပါတယ် ။
Gradient Tool နဲ့ မျှားအောက်နားကနေ အပေါ်ကို Drag ဆွဲပါတယ်။
Fore ground colour ကို Click ပြီးအဖြူရောင် ကို ရွေးပေးပါတယ် ။
Gradient Tool နဲ့ မျှာအပေါ်က နေ အောက်ကို Drag ဆွဲပါတယ်။ Opicity 90% ပေးပါတယ်။
layer manager မှာ အောက်မှာရှိနေတဲ့ layer 1 ဆိုတဲ့ အဖြူ layer လေးကို မျှားရဲ့ အပေါ် Drag ဆွဲပြီး တင်ပါတယ်။

Merge Down နဲ့ layer ၃ ခုကို ပေါင်းလိုက်ပါတယ်။ အောက်မှာ ပြထားတဲ့ အတိုင်း ကျန်ပါမယ်။
Magic wand tool နဲ့ Shape 1 ဆိုတဲ့ layer ကို Select လုပ်ပါတယ်။( အပေါ်မှာ ပြောပြ ခဲ့တဲ့ အတိုင်းပါပဲ )
Copy , Paste ( Ctrl+C , Ctrl+V ) လုပ်ပါတယ်။ layer manager မှာ layer 1 ဆိုပြီးတွေ့ ပါလိမ့်မယ်။
Edit > Transform Path > Flip Vertical ကို click ပါတယ်။ ဇောက်ထိုးဖြစ်သွားတဲ့ ပုံကို Move tool နဲ့ အောက်ကို ဆွဲချပါတယ်။
(အပေါ်ပုံနဲ့ နည်းနည်းလေး ခွါထားပေးပါ)
ဇောက်ထိုးဖြစ်နေတဲ့ ပုံကို Magic wand tool နဲ့ Select လုပ်ပါတယ်။
Fore ground colour ကို Click ပြီးအနက်ရောင် ကို ရွေးပေးပါတယ် ။
Gradient Tool နဲ့ အောက်နားကနေ အပေါ်ကို Drag ဆွဲပါတယ်။
ပုံမှာ ပြထားတဲ့ အတိုင်းဖြစ်အောင် အထပ်ထပ် အခါခါ ဆွဲပါ။
ှကျေနပ်ပြီဆိုရင်တော့ Select > Deselect ပေးပါ။
layer တွေ အားလုံးပေါင်းသွားအောင် Merge Visible ပေးလိုက်ပါ။
ကျနော် ပြောပြတတ်သလို အလွယ်ဆုံး ပြောပြထားတာပါ။ နားမလည်ရင် အဆင်မပြေတာ ရှိရင် ခွင့်လွှတ်ပါ။ ကျေးဇူးတင်ပါတယ်ဗျာ ။
May 31, 2008 at 6:14 pm
ပိုများလာတယ် လုပ်ပါဦးကွ အဲလိုလေး နောက်ထပ်ဘာရှိသေးလဲ။
May 31, 2008 at 7:01 pm
ရှိသေးတယ် အကို စာမေးပွဲ ပြီးရင် အများကြီးလာမယ် ။ မြောက်ပေးလို့ကတော့ တိန်တိန် .. သိတယ်ဟုတ်