Crystal ball လေးလုပ်ကြည့်ပြီးတော့ သိပ်ဘ၀င်မကျလို့ ထပ်ပြင်ထားတာပါ။ လုပ်ပြီးတာ ကြာပါပြီ စာမရေးဖြစ်လို့ မတင်ဖြစ်သေးတာပါ ။

File > New ကနေပြီး Width = 400 , Height = 400 , Resolution = 100 ကိုယူပါတယ်။

Tool box က Eliptical Marquee Tool ကို ရွေးပါတယ် ။ စက်ဝိုင်းပုံတစ်ခု ကို ဆွဲပါတယ် ။


Tool box က Fore ground colour ကို အနီရောင် ရွေးပေးပါတယ် ။
Layer Manager က new layer
လေးကို Click ပါတယ်။
Shift+F5 (or) Edit > Fill နဲ့ အနီရောင်ခြယ်ပါတယ်။

new layer ထပ်ယူပါတယ်။ အောက်မှာပြထားတဲ့အတိုင်း ထိပ်ပိုင်းလေးကို Eliptical Marquee Tool နဲ့ select လုပ်ပါတယ် ။ (အလယ်ကျအောင် Drag လုပ်ပေးပါ)

Tool box က Gradient Tool ကိုယူပါတယ်။ Attribute tool bar မှ Edit the gradient
(
)
ကို ရွေးပေးပါ ။
စက်ဝိုင်းလေး ရဲ့ အပေါ်ကနေ click နှိပ်ပြီး စက်ဝိုင်းလေး ရဲ့ အလယ်တစ်ဝက်လောက်ကို Drag ဆွဲပါတယ်။ ပြီးရင် Select > Deselect ပေးပါတယ် ။

Layer Manager က အပေါ်က အဖြူချယ်လိုက်တဲ့ layer ကို R-click ထောက်ပြီး Duplicate layer ကို နိုပ်ပါတယ်။

အဖြူ layer လေးနောက်တစ်ခုပေါ်လာပါတယ်။ အဖြူ လေးကို Move tool နဲ့ အောက်ကို ဆွဲချပါတယ်။

Edit > Transform > Flip Vertical ကို နိုပ်ပါတယ် ။
Filter > Blur > Gaussian blur ကို နိုပ်ပြီး တန်ဖိုးမှာ 13 ထည့်ပြီး ၀ါးပေးပါတယ် ။


Image > Adjustments >Hue/Saturation ကို နိုပ်ပြီး ပေါ်လာတဲ့ box မှာ colorize ကို check ပေးပါတယ် ။
အောက်မှာပြထားတဲ့ data အတိုင်းရအောင် adjust လုပ်ပါတယ်။ ( မိမိရွေးတဲ့ အရောင်ပေါ်မူ တည် ပြီးလုပ်ရမှာ ပါ။ ဥပမာ- အပြာရောင်အတွက်
Hue – 180 , Saturation- 80 , lightness- -35 ဖြစ်ပါတယ်။ )


အနီရောင်စက်ဝိုင်းရဲ့ layer ကို R-click နိုပ်ပြီး Blending options ကို ရွေးပါတယ် ။
အောက်မှာ ပြထားတဲ့ တန်ဖိုးတိုင်းရအောင် Inner grow ကို ချိန် ပါတယ်။


New layer ထပ်ယူပါတယ်။ အောက်မှာ ပြထားတဲ့ အတိုင်း select လုပ်ပြီး အနက်ရောင် ဖြည့်ပါတယ် ။

Filter > Blur > Gaussian blur ကို နိုပ်ပြီး တန်ဖိုးမှာ 13 ထည့်ပြီး ၀ါးပေးပါတယ် ။


အနက်လေးကို အောက်မှာပြထားတဲ့ အတိုင်း အောက်ခြေကို ဆွဲ ချပါတယ်။

Layer Manager က အနက်ရောင် လေး ကို အနီရောင် ၀ိုင်းလေးရဲ့ အောက် ကိုဆွဲ ချလိုက်ပါတယ်။


အနက်ရောင် များလွန်းတယ်ထင်ရင် layer manager ရဲ့ Opacity မှာ 78% လျှော့ပေးကြည့်ပါ။

ူlayer တခုမှာ R-Click ထောက်ပြီး Merge Visible ကို နိုပ်ပါတယ်။
JPG file type နဲ့ save လိုက်ပါတယ်။

အပြာရောင်လေးနဲ့ ထပ်စမ်းကြည့်ပါဦး ။
