
အခု အပေါ်ဘားလေးတစ်ခုတင်ပြီးသုံးနေတာ။ ကိုယ့်ဟာကို လုပ်ပြီးကျေနပ်နေလို့ ကြွားမလို့
Software က အမျိုးမျိုးရှိပါတယ် Object dock, AK launcher ,အများကြီးပဲ အခု သုံးကြည့်တာက
Object Dock 1.9 တော်တောလေး လှပါတယ်။ ဘာလို့ ဒါသုံးလဲဆိုတော့ JPG type ပေးထားတယ်လေ။
အရင်ကောင်တွေလို ဘာမှမပြောင်းရပဲ တင်ချင်တဲ့ပုံတင်လို့ ရတယ်။အောက်မှာ Download ချပြီး run လိုက် ။
ပေါ်လာမယ့် icon တွေတော့ အများကြီးပဲ ၊ ကိုယ်တိုင်လုပ်ထားတာလေးတွေပဲသုံးကြည့်ရအောင်။

ထုံးစံအတိုင်းပဲ File > New … 400 – 400 – 100 px
အလုံးတစ်လုံးဆွဲတယ်။ New layer ယူပြီး အနက်ရောင်ဖြည့်တယ် ( အရင် Tutorial တွေမှာ အသေးစိတ် ပြောပြီးသားပါ)
Select > Modify > Feather ကို click တယ် ။ တန်ဖိုးကို 50 ထည့်ပေးလိုက်တယ်။

အပေါ်မှာမြင်ရတဲ့ အတိုင်း Select ပြောင်းသွားတယ် ။ Delete key ကို နိုပ်တယ်။


ချစ်သူပုံ တစ်ပုံကို Select လုပ်ပြီး ဒီနေရာမှာလာထည့်တယ်။


Edit > Free transform ကို နိုပ်ပြီး အလုံးနဲ့ အဆင်ပြေအောင် size ချိန်တယ်။ move tool ကို click ပြီး Apply ပေးရတာတော့
သိပြီးသားပါ။

layer manager က အလုံးနေရာကို click ပေးတယ်။ Magic Wand Tool နဲ့ အပြင်နေရာမှာ click ပေးလိုက်ရင်
အလုံးရဲ့ အပြင်ဘက်ကို select လုပ်ပြီးသား ဖြစ်သွားပါတယ်။


layer manager က ချစ်သူပုံ နေရာကို ပြန် click ပါတယ်။ ပြီးရင် Eraser Tool နဲ့ အလုံးအပြင်မှာပိုနေတဲ့
အစွန်းတွေကို ဖြတ်ပစ်ပါတယ်။ အလုံးရဲ့ အနားသတ်နေရာလေးတွေကို သေချာ ဖြတ်ပေးပါ။


အောက်ခြေက လိုနေတဲ့ အင်္ကျီစလေးကို Smudge Tool ( လက်ညှိုးလေးနဲ့ ) ဆွဲပေးပါတယ်။

layer manager ကနေ ချစ်သူပုံကို အလုံးရဲ့အောက်ဆွဲချပါတယ် ။

new layer တစ်ခု ထပ်ယူပါတယ်။ အောက်မှာပြထားတဲ့အတိုင်း Eliptical Marquee Tool လေးနဲ့ select လုပ်ပါတယ်။

Foreground ကို အဖြူရောင်ထားပြီးတော့ Gradient Tool နဲ့ ချယ်ပေးပါတယ်။
အနက်ရောင်မကြိုက်ဘူးလား။ အလုံးရဲ့ layer ကို click ပေးပြီး Image > Adjustments > Hue/Saturation
ကို နိုပ်ပါတယ်။
colorize ကို check ပေးထားပါ။ အောက်မှာ ပြထားတဲ့ အတိုင်း တန်ဖိုးချိန်ပြီး အပေါ်ဆုံးက hue ကို
adjust လုပ်ရုံနဲ့ အရောင်တွေ လိုက်ပြောင်းနေတာတွေ့ ပါလိမ့်မယ်။


ကျနော်ကတော့ ခရမ်းရောင်လေး ရွေးပါတယ်။ new layer ထပ်ယူပြီး အောက်မှာပြထားတဲ့အတိုင်း Eliptical Marquee Tool လေးနဲ့ select လုပ်ပါတယ်။

Shift+F5 ( Edit > Fill )နဲ့ အနက်ရောင် ချယ်ပါတယ်။

Select > Deselect ပေးပါတယ် ။ Filter > Blur > Gaussian Blur ကို နိုပ်ပြီး တန်ဖိုးကို 25 ထည့်ပြီး ၀ါးပါတယ် ။

အောက်ခြေနားကို move tool နဲ့ ဆွဲချပါတယ် ။ layer manager က အမဲ ကို ချစ်သူပုံရဲ့ အောက် ရောက် အောင်ဆွဲချပါတယ်။



Shawdow အဖြစ်နဲ့ ထည့်တာပါ များတယ်ထင်ရင် Opacity ကို လျှော့ပေးပါ။

layer manager မှာ Background မျက်စိနေရာလေးကို click ပေးပါတယ်။ background ပျောက်သွားပါလိမ့်မယ်။

အပေါ် layer တစ်ခုခု မှာ R-Click ထောက်ပြီး Merge Visible ကို နိုပ်ပါတယ်။ hide ထားတဲ့ Background က လွဲရင်
ကျန်တဲ့ layer တွေ ပေါင်းသွားပါလိမ့်မယ်။


ပြီးရင် File > Save as ကို click ပြီး ဖိုင်နာမည်ပေး PNG type နဲ့ save ပါတယ် ။

PNG option box ပေါ်လာရင် ၊None ပေးပြီး OK နိုပ်ပါတယ်။

ဒါဆို လုပ်တာတော့ပြီးသွားပါပြီ။

Object Dock မှ ကိုယ်ပြောင်းချင်တဲ့ icon ကို R-click ထောက် ပြီး Dock Entry Properties ကို နိုပ်ပါတယ်။
Change image နဲ့ ကိုလုပ်ထားတဲ့ ပုံလေးကို Browe an image နိုပ်ပြီးရွေးပေးလိုက်ပါ။
ကြည့်ကြည့်လိုက်ပါဦး တကယ်လှလားလို့။

ကျနော်လုပ်သမျှ အလုံးတွေပဲ ဖြစ်နေပြီ
နောက်တခါဆို တစ်ခြားပုံလုပ်မယ်။ စမူဆာ ပုံ ပဲဖြစ်ဖြစ် ![]()
( အရင် tutorial တွေ ဖတ်မယ်လို့ ထင်တဲ့ အတွက် နေရာတိုင်းကို အသေးစိတ် မပြောတော့ တာပါ။ အခုမှ စကြည့်
ဖြစ်တာဆိုရင်တော့ အရင် tutorial တွေပြန်ဖတ်ကြည့်ပေါ့ )
