MP3 download from imeem

Imeem ကနေသီချင်းတွေ download ချလို့ရတဲ့နည်း စဉ်းစားနေတာကြာပါပြီ။ အဆင်ပြေတဲ့နည်း အခုမှတွေ့တယ်။ လွယ်လွယ်လေးပါပဲ ။
Orbit ဆိုတဲ့ software တစ်ခုနဲ့ ချရင် flv ဖိုင်နဲ့ ရပါတယ်။ အဲဒါကို freez flv to mp3 converter နဲ့ ပြောင်းယူလိုက်တာပါပဲ။
အောက်မှာ download ချလိုက်ပါ။

Orbit Downloader
Image Hosting by Picoodle.com

freez flv to mp3 converter
Image Hosting by Picoodle.com

ပြီးရင် run လိုက်ပါ။ orbit ကို run ပြီးရင် IE (internet explorer) ဖွင့်လိုက်ပါ ။


ဒီအတိုင်း ပုံလေး ၃ ခုကိုမြင်ရမှာပါ။ ၁ – download file တွေ့၊ ၂ -download ချနေသောဖိုင်၊ ၃ -complete ဖြစ်ပါတယ်။

IE နဲ့ပဲ www.imeem.com ကိုဝင် ပြီးသီချင်းတစ်ပုဒ် ကိုဖွင့်လိုက်တာနဲ့ ၁ icon မှာ 1 လို့ပြနေပါလိမ့်မယ်။

အဲနေရာလေးကို နှိပ်လိုက်ပါ။ pop up box လေး တစ်ခုပေါ်လာပါတယ်။ Download it ဆိုတာကို နိုပ်လိုက်ပါ။

download စပြီးချနေတာကို တွေ့ပါလိမ့်မယ်။ * ( သီချင်း မပိတ် လိုက်ပါနဲ့ ) * ။

ခဏလောက်ကြာရင် complete ဖြစ်သွားတာကို မြင်ရပါလိမ့် မယ်။

အဲဒါလေးကို click ပြီး Open folder ဆိုတာကို ဆက် click ပါတယ်။ download ချထားတဲ့ flv ဖိုင်ကို တွေ့ရမှာပါ။ cut လုပ်လာပြီး Desktop ပေါ်မှာ paste ပါတယ်။

freez flv to mp3 converter ကို run လိုက်ပါ။ ပြီးရင် Add Flv file(s) ဆိုတာနိုပ်ပြီး ခုန က Desktop ပေါ်မှာ ထားထားတဲ့ ဖိုင်ကို ယူလိုက်ပါတယ် ။
Start Converting ဆိုတာနိုပ်လိုက်ပါ။

ပြီးသွားရင် မိမိ ပေးထားတဲ့ အတိုင်း save လိုက်တဲ့ နေရာမှာ သွားကြည့်ပြီးဖွင့်လိုက်ပါ။

နားဆင်နိုင်တဲ့ MP3 တစ်ပုဒ် ရပါပြီ။ အဆင်ပြေကြပါစေ ။

Leave a Reply