ကျနော် Storage Device တွေအကြောင်းရေးမလို့ပါ ။ ကျနော့်အရေးအသားနဲ့ဆို လိုရင်းမရောက်ပဲ လည်နေမှာစိုးလို့ Life Style ထဲမှာပါတဲ့ ကိုဖိုးနိုင်ဝင်း(Masterpiece) ရဲ့ အရေးအသား အတိုင်း တိုက်ရိုက် ပြန်တင်ပေးလိုက်ပါတယ် ။လေ့လာကြည့်ကြပါဦး ။
◘ IT,Information age, Information Technology စတဲ့အသုံးနှုန်းတွေ နေ့စဉ်နဲ့အမျှ ကြားနေ၊ ဖတ်နေရပါတယ်။ အဖွဲ့အစည်းတစ်ခုအတွင်းမှာ Information ဆိုတာ အရေးကြီးဆုံးနဲ့ တန်ဖိုးအရှိဆုံးအရင်းအမြစ် တစ်ခုဖြစ်ပါတယ်။ Information နဲ့ Data ကို တစ်ခါတစ်ရံမှာ ရောထွေးစွာ နားလည်နေတတ်ကြပါတယ်။ Storage device တွေအကြောင်း မရေးသားခင်မှာ Data နဲ့ Information ဆိုတာကို ကွဲကွဲပြားပြား သိရှိထားဖို့လိုအပ်တဲ့အတွက် Data နဲ့ Information အကြောင်း အရင်ရေးသားပါမယ်။
Data
◘ Data ဆိုတာ အချက်အလက်အကြမ်း (raw facts)တွေပါပဲ ။ ဥပမာပြောရရင် အလုပ်သမားတွေရဲ့ အမည်၊ တစ်ပတ်မှာ အလုပ်ဆင်းတဲ့နာရီပေါင်း၊ ကုန်အ၀င်ပစ္စည်းတစ်ခုရဲ့ နံပါတ် စတာတွေဟာ Data တွေဖြစ်ပါတယ်။ Data တွေဟာလည်း အမျိုးအစားအမျိုးမျိုး ရှိနေနိုင်ပါတယ်။ အုပ်စုခွဲကြည့်ရင် သချာင်္ကိန်းတွေ၊ စာကြောင်းတွေ၊ အက္ခရာတွေပါဝင်တဲ့ Alphanumeric Data ၊ ဂရပ်ဖစ်ပုံတွေ၊ရုပ်ပုံတွေပါဝင်တဲ့ Image Data နဲ့ အသံတွေ၊ တီးလုံးတွေပါဝင်တဲ့ Audio Data ၊သက်ဝင်လှုပ်ရှားမှုတွေ ပါဝင်တဲ့ Video Data ဆိုပြီးရှိနေပါမယ်
Read the rest of this entry »
Posted by streamofpoem