OS

May 15, 2008

ကျနော်လည်း Window သုံးရတာ ပျင်းလို့ဆို ပြီး တစ်ခြား ဟာတွေစမ်းသုံးကြည့်တာဗျာ ၊ သိပ်အဆင် မပြေဘူး။ window နဲ့က ခေါက်ရိုး ကျိုးနေပြီဗျ။ ♦ ဟိုတလောက Linux ရဲ့ Ubuntu 8.04 တင်ကြည့်တယ်။ ကိုစေတန် ပြောထားတာတွေ့လို့ပါ။ တစ်ခုတော့ တော်တော်ကြိုက်တယ်။ CD /DVD Drive မပါပဲ OS တင်လို့ ရတယ်လေ။ ဒီမှာ မှာ Download သွားချတယ်၊ Desktop ပေါ်မှာပဲ save ပြီး ၊ Partition တစ်ခြားတစ်ခု ကိုနေရာပေး ပြီး Run လိုက်တယ်။ သူDownload ထပ်လုပ်ပြီး၊ Restart လုပ်သွားတယ်၊ ပြန်တက်လာတော့ Boot menu မှာ နှစ်ခုဖြစ်နေပြီ။ Flash drive နဲ့တောင် OS တင်လို့ရတယ်တဲ့ Linux က၊ တစ်ခုတော့ ကသိ ကအောက်ပဲ ၊ Refresh မပါဘူးဗျာ ။ အားနေရင် Refresh နှိပ်နေတဲ့ ကောင် ဆိုတော့ အလုပ်လက်မဲ့ ဖြစ်သွား သလိုကြီး ဟိဟိ။
Image Hosting by Picoodle.com
Image Hosting by Picoodle.com
Ubuntu ကို Install လုပ်ချင်တဲ့သူတွေ အတွက် ကိုစေတန် ရဲ့ E Book ပါ ။ သူ့link ပဲပေးထားတာပါ။ ဒီမှာ Download သွားယူလိုက်ပါ။

♦ နောက် OS အသစ်တစ်ခု သုံးကြည့်တာက Google နဲ့ Linux ပေါင်း ထုတ်တယ်ဆိုတဲ့ GOS ဗျ၊ တကယ့် Green OSဗျာ။ တော်တော်လေးကိုလှတယ်။ ဒီမှာ မှာ Download ချလိုက်ရင် ISO file type နဲ့ ရမယ်၊ ISO Burner နဲ့ CD ဖြစ်ဖြစ် DVD ဖြစ်ဖြစ် burn လိုက်၊
ပြီးရင်ခွေ ကို Drive ထဲထည့် ပြီး Restart လုပ် ။ ပြန်တက်လာရင် GOS welcome screen ပေါ်နေပြီ။ GOS Install ကို click ရုံပဲ ။ အဲဒါပြီးရင် OS ကိုစမြင်ရပြီ ၊ သုံးလို့တော့ မရသေးဘူး။ Desktop ပေါ်မှာ Install ဆိုတဲ့ Icon လေးရှိတယ်။ Run လိုက်ရုံပဲ။
အဲ တစ်ခုတော့ ရှိတယ်။ Guide partition နဲ့ run လို့ကတော့ partition ၉ ခု ခွဲပစ်လိုက်တာနော်။ သတိတား ။ စုထားတဲ့ Data လေးတွေကုန်သွားမယ်။ ၂၄ နာရီ online free သုံးနေတဲ့ လူတွေနဲ့ ဆိုရင် တော်တော် အဆင်ပြေတဲ့ OS ပါ ။ စမ်းကြည့်ပေါ့။ အလကားရတာပဲဟာ။
Image Hosting by Picoodle.com
Image Hosting by Picoodle.com

♦ Vista လည်း service park 1 ထွက်တာကြာပြီ ။ အခုထိလည်း free ရမယ့်နေရာ မတွေ့သေးဘူး ။ဟိဟိ ။ တွေ့ရင်ပြောမယ်နော်။