အိမ်ပြောင်းသွားပြီ

July 20, 2008

ကျနော် wordpress ရဲ့ ကန့်သတ်ချက်တွေကြောင့် နေရာပြောင်းရေးနေပါတယ် ။ စိတ်ဝင်စားတာက design ပိုင်းဗျ။ အဆင်မပြေလို့ ပြောင်းရေးလိုက်တာပါ ။ တကယ်ခင် တယ်ဆို လိုက်ခဲ့ ဗျာ ။ နော် …

www.thanlonengal.co.cc


ဝမ်းနည်းနေတာ

May 23, 2008

ဒီ Blog ကနေပြီး မွေးနေ့ဆုတောင်း ဘာမှ မရလို့ ၀မ်းနည်းနေတာ ။ ဟီဟိ ။ ကိုရဲကြီး ကလည်း ဘာမှမပေးတဲ့အပြင် နှုတ်ခမ်းမွှေးကြီးနဲ့ အာဘွား လုပ်နေလို့ တားထားရတယ် ။ ဟဟ ။ ဟုတ်တိပတ်တိ ဘာမှမရေးဖြစ်တာကြာပြီဗျာ ။
ကွန်ပျူတာ အတွက် Window XP အခြေခံလေးတွေရယ်၊ Window တင်တာရယ် ရေးပြဖို့ စဉ်းစားထားပါတယ်။(ရေးရသေးဘူးနော်)
ကျနော် ပြောချင်တာလေးတွေပြောပါဦးမယ်။ ကျနော် လို့ရေးတာ စာလုံးပေါင်းမှားမှန်းသိပါတယ် ။ ငယ်ငယ်ထဲက ခံယူချက်တစ်ခုရှိလို့ပါ။
နောက်ပြီး ဒီ Blog ရေးတာက အခုမှ ကွန်ပျူတာ စလေ့လာတဲ့ သူတွေ ကူညီချင်တာပါ။ လင့် ချိပ်ပေးထားတဲ့ ကိုရဲကြီး တို့၊ ကိုစေတန် တို့ လို programmer တွေနဲ့ ရှင်ကြည့်နေမှာစိုးလို့ပါ။ သူတို့ level နဲ့ အသေးလေးတွေ လိုက်ရေးမှာမဟုတ်ဘူးလေ။ အဲဒါဆို အခုမှ ကွန်ပျူတာ စလေ့လာပြီး စာအုပ် ၀ယ်လို့မတဲ့နေရာမှာရောက်နေတဲ့ သူတွေဘာလုပ်မလဲ ၊ ကျနော်လည်း နဲနဲလေးသိတာပါ။ အဲဒီသိသလောက်လေးကို
မျှဝေချင်လို့ပါ။ မှားတာရှိရင် ၊အပြောအဆို မယဉ်ကျေးတာရှိရင် ခွင့်လွတ်ပေးပါဗျာ ။


မွေးနေ့

May 22, 2008

ဒီနေ့ ကျနော့် ၂၂ နှစ်ပြည့် ပါ။ ဘာပို့စ် မှမရေးပါ ဘူး ။ ဘာလာပေးမလဲ ပဲ တစ်နေကုန် ထိုင်စောင့် နေမယ်။


posts မတင်ဖြစ်တာက

May 21, 2008

ကိုရဲကြီး ကိုအားကျလို့ဗျာ ။ ဘာမှမရေးတာ ၂ ရက်ရှိပြီ ။ ဘယ်သူမှလဲ မလာကြဘူး ၊ဘာမှလည်း ပြောမသွားကြဘူး ၊ စိတ်ဓါတ်တောင် ကျချင် ချင်ပဲ ။ အဟီး ဘယ်သူမှလဲ အတင်းရေးခိုင်းတာမဟုတ်ပဲနော် ။ ကိုယ့်ဟာကို အားအား ယားယား ရေးတာကိုး ။ ဒီနေ့ ကဗျာလား ၊ ဘာလားတော့မသိဘူးဗျာ ။ စာသင်ရင်းနဲ့ ၂ ပုဒ်ရေးဖြစ်တယ် ။ ပြောသား ပဲ စာကလွဲရင်စိတ်ဝင်စားပါတယ်လို့ ။

ငါ့အပြစ်တွေပါလေ …

ကာရန်မရှိပဲ ကဗျာရေးတယ်
သံစဉ်မရှိပဲ သီချင်းဆိုတယ်

ငါ့အပြစ်တွေပါလေ …

အရောင်မသိပဲ ပန်းချီရေးတယ်
ရည်ရွယ်မရှိပဲ လမ်းလျှောက်တယ်

ငါ့အပြစ်တွေပါလေ …

မမြင်သေးပဲ ချစ်မိတယ်
အတူမရှိပဲ တွယ်ငြိတယ်

ငါ့အပြစ်တွေပါလေ …. ဟင်း …..

~~~~•••••~~~~

ငါရေးချင်တဲ့ ကဗျာတွေ
ငါဖွဲ့ချင်တဲ့ ကာရန်တွေ
ငါရွတ်ချင်တဲ့ သံစဉ်တွေ
ငါစိတ်ကူးတဲ့ စာသားတွေ
ဘာဆိုဘာမှ ထွက်မလာပဲ
နှလုံးသားနဲ့ ဦးနှောက်က
တစ်ခုတည်းကိုသာ
အကြိမ်ကြိမ် ရေရွတ်နေလေရဲ့
နားထောင်ကြည့်စမ်းပါ
အဝေးကတောင် ကြားနိုင်လောက်ရဲ့
“မြတ်နိုးလိုက်တဲ့ ချောလေးရယ်” တဲ့လေ ။


USB_Disk_Ejector1.1.2

May 18, 2008

USB ကိုတပ်ပြီးရင် ပြန်ပြန်ဖြုတ် နေရတာလဲ လုပ်တစ်ခုပဲလေ။ ဒီ Ejector လေးကို ဒီမှာ Download ချပြီး Desktop ပေါ်မှာတင်ထားလိုက် ။ USB ပြန်ဖြုတ်တော့မယ်ဆိုရင် Double click ပေးလိုက် ။ ဒါလေးပဲ ။ သုံးကြည့်ဗျာ ကောင်းတယ် ။ ကိုစေတန် Blog ကတွေ့တာပါ ။ ခွင့်ပြုချက်မတောင်းမိဘူး ။ ဒီကပဲ တောင်းပန်ပါတယ် ။


Hard disk နှလုံးသား

May 18, 2008

မင်းကိုချစ်တဲ့အချစ်က
Hard disk လိုပါပဲ..
မင်းကိုတိုင် Delete
မလုပ်မခြင်းရှိနေမယ့်
ချစ်ခြင်းမျိုးပါ…
Delete လုပ်ပြီးရင်တောင်
မှားမှန်းသိရင် Recovery ပြန်ယူနိုင်ပါတယ်…
ဒါပေမယ့် …..
နောက်တော့မကျစေနဲ့ပေါ့ ဟဲဟဲ..

ပြည့်ဖြိုး(၁၈.၅.၀၈)


Coming soon my Birthday

May 16, 2008

လာမယ့် မေလ ၂၂ ရက်နေ့က ကျနော့် ရဲ့ ၂၂ နှစ်ပြည့် တဲ့ မွေးနေ့ပါ ။ အကြွေးမွေးကို လုံးဝမစဉ်းစားထားပဲ လက်ဆောင်ပစ္စည်းများကိုသာ ပက်ပက်စက်စက် လက်ခံမှာ ဖြစ်ပါတယ် ။ ဘာမှမပေးတဲ့ လူများကို စာရင်းပြုစုထားပြီး ၊ခင်မင်မှုကိုလည်း လက်ဆောင်ပေါ်မူတည်ပြီး ဆုံးဖြတ်မှာဖြစ်ပါတယ် ။ဟီဟိ ။ ပျော်လို့ ပေါက်ကရတွေ လျှောက်ရေးနေတာပါ။ တကယ်ကို ပျော်နေတာဗျ။
ဘာလို့လည်း လို့လည်း မမေးနဲ့၊ မပြောဘူး ။ ဟီဟိ …ဟင်း အချစ် ..အချစ်…..
ဟုတ်တယ်ဗျ ၊ သူပြောခဲ့ဘူးတာ မှန်တယ်။ အသဲကွဲ တယ်ဆိုတာ တကယ်မဟုတ်ပါဘူးတဲ့ ..။ ကို့ကိုကိုယ် တကယ် ကွဲနေပြီမှတ်တာ (အသဲ) သူ့ထက်သာတဲ့ သူတွေ့တော့ သူ့ကိုတောင် ဘယ်နား နေရာပေးခဲ့မိမှန်း မသိတော့ ဘူး ။ ဟဟ
အဲလိုပြောလို့ အချစ်ကိုတန်ဖိုး မထားဘူးလို့ အပြောခံရတော့မယ် ။ အင်္ဂလိပ် စကားပုံလေးတစ်ခုရှိတယ်…
We couch ,for clean my throes .
We sigh ,for my clean my heart .
♥ ကျနော်တို့ လည်ချောင်းရှင်းဖို့ ချောင်းဆိုးကြသည်။
♥ ကျနော်တို့ နှလုံးသားရှင်းဖို့ သက်ပျင်းချကြသည် တဲ့
ကျနော်မှာတော့ ချလိုက်ရတဲ့ သက်ပျင်းတွေ ၊ မှန်တိုင်းတစ်ခုလို ဖြစ်သွားလောက်ရဲ့
နှလုံးသားကတော့ ရှင်းမသွားသေးပါဘူး လို့
အော်ဟစ် ငြီးတွား နေတာ ပါ။ အခုတော့လည်း ……….

စိတ်ကူးပေါက်လို့ ရေးချင်တာတွေ လျှောက်ရေးနေတာပါ ။
စိတ်မပူပါနဲ့ ဗျာ ။ နောက်ဆိုမရေးတော့ ပါဘူး ။ ဟီဟိ….